Thursday, January 10, 2013

မြန်မာ့ရေးရာ သတင်းပဒေသာ (၀၁- ၁၁-၂၀၁၃)

 - အမေရိကန် သံအမတ် မွန်နှင့် ကရင် နယ်မြေသို့ သွား

တကိုယ်တော် သတင်းဘလော့ဂ်ဂါ ဒေါက်တာလွဏ်းဆွေ အမြန်ဆုံးကျန်းမာစေကြောင်း ဆုမွန်တောင်း


တကိုယ်တော် သတင်းဘလော့ဂ်ဂါ ဒေါက်တာလွဏ်းဆွေ အမြန်ဆုံးကျန်းမာစေကြောင်း ဆုမွန်တောင်း
မိုးမခ၀ိုင်းတော်သားများ၊ ဇန်န၀ါရီ ၁၁၊ ၂၀၁၃
မြန်မာပြည်ရဲ့ ရွှေဝါရောင်တော်လှန်ရေးကာလကစပြီးတော့ မြန်မာ့အရေးသတင်းများကို စုစည်းတင်ဆက်သူ၊ မြန်မာ့အရေးဆိုင်ရာ ကိုယ်ပိုင်အယူအဆသဘောထားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောကြားသူ၊ ပွဲဆူသူ တကိုယ်တော် သတင်းဘလော့ဂ်ဂါ၊ စာရေးဆရာ၊ အယ်ဒီတာ ဒေါက်တာလွဏ်းဆွေ ဇန်န၀ါရီ ၅ ရက်နေ့ကစပြီး လေဖြတ်ဝေဒနာဖြစ်ပြီး ဆေးရုံတက် ဆေးကုသမှုခံယူနေရတယ်လို့ ကြားသိရပါတယ်။
            ကိုယ်ထူကိုယ်ထ သတင်းစာမျက်နှာများ သတင်းဆောင်းပါးများ နေ့စဉ် အပင်ပန်းခံပြီး စုစည်းတင်ဆက်ပေးသူအဖြစ် ပြည်တွင်း ပြည်ပက မြန်မာသတင်းငတ်သူများအတွက် ဒေါက်တာလွဏ်းဆွေဘလောဂ့်ဟာ ထင်ရှားတဲ့ အင်တာနက်စာမျက်နှာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခေတ်ရောက်လာတော့လည်း ဒေါက်တာလွဏ်းဆွေကောက်နုတ်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေကို အများသူငှာက လက်ဆင့်ကမ်း ဖြန့်ဝေကြတာမို့ ခေတ်စားဆဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
            ယခုအချိန်မှာ ရောဂါဝေဒနာကြောင့် ဆေးကုသမှုခံယူပြီး အနားယူနေတဲ့ မိတ်ဆွေ ဒေါက်တာလွဏ်းဆွေတယောက် အမြန်ဆုံး ကျန်းမာစေကြောင်း မိုးမခသတင်းစာမျက်နှာက ၀ိုင်းတော်သားတွေက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
            လွန်ခဲ့တဲ့  ၂၀၁၃ နှစ်သစ်ကူးတုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လရီကလင်တန်တယောက် ဦးနှောက်ထဲ သွေးခဲတခု ပိတ်ဆို့လို့ ဆိုပြီး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ကြပါတယ်။ လေဖြတ်ဝေဒနာအထိ မဖြစ်ပေမယ့် ဆေးရုံမှာ အချိန်တော်ကြာ အနားယူ ကုသမှု ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။ သူဆေးရုံဆင်းလာတော့ နိုင်ငံခြားရေးရုံးဝန်ထမ်းတွေက နောက်တခါ မူးမော်လဲကျရင် ခံသာအောင်ဆိုပြီး အမေရိကန်ဘောလုံးအားကစားခေါင်းစွပ်အမာ တခု လုပ်ပြီး လက်ဆောင်ပေး ကြိုဆိုကြပါသတဲ့။ ကိုလွဏ်းဆွေလည်း ဆေးရုံကဆင်းလာရင် သူဆောင်းဖို့ မော်တော်ဆိုင်ကယ်ဦးထုပ်တလုံးတော့ ၀ိုင်းလက်ဆောက်ပေးရင် ကောင်းလေမလားပဲ။
            ကိုလွဏ်းဆွေတယောက် အမြန်ဆုံး ကျန်းမာ ချမ်းသာပါစေ။          ။
            မိုးမခ၀ိုင်းတော်သား မိတ်ဆွေများ
            ဇန်န၀ါရီ ၁၁၊ ၂၀၁၃

DVB ဇန်န၀ါရီ ၁၁ ရက် ညနေ ၆ နာရီ သတင်းစဉ် (ရုပ်သံ)  
-သမ္မတ ဦးသိန်းစိန် (သို့မဟုတ်) စစ်အာဏာရှင်စနစ်က မွေးဖွားပေးလိုက်သော ပြုပြင်ပြောင်းလဲရေးသမား
-လက်ပန်းတောင်း သဘာဝပတ်ဝန်းကျင် ကွင်းဆင်းစစ်ဆေးမှုအြေခအေန မေးမြန်းချက်
- The Voice ဂျာနယ် အမှု ရုပ်သိမ်းရန် သေဘာတူညီ
- ငြိမ်းချမ်းရေးအတွက် ခေတ်ပေါ်နည်းပညာများ အသုံးပြုဆွေးနွေးရန် လွှတ်တော်က တိုက်တွန်း
- မဲဆောက် ရုပ်ရှင်ရုံတွင် မြန်မာဇာတ်ကား ပြသေတာ့မည်
-တိုင်းရင်းသားဒေသများတွင် ယူအန်အက်ဖ်စီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကွင်းဆင်းညှိနှိုင်းမည်
 -ကချင်ငြိမ်းချမ်းရေးအတွက် နှစ်ဖက်ပွင့်လင်းမှု ရှိဖို့လိုကြောင်းအဆို လွှတ်တော်အတည်ပြု
 -လက်ပန်းတောင်းတောင် စုံစမ်းရေးကော်မရှင် အဖွဲ့ အစီရင်ခံစာထွက်မည်
-သကြားစက်ရုံက ကြံဖိုးငွေမပေးလို့ ကြံတောင်သူတွေ အကြပ်ရိုက်
-ကော့သောင်းမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာများ လာရင်းဒေသ ပြန်ပို့ပြီ
-ကချင်ပြည်နယ်စစ်ပွဲမှာ ဓါတုလက်နက်တွေ သုံးစွဲနေတာမဟုတ်ကြောင်း အစိုးရငြင်းဆို
-တရုတ်နဲ့ အငြင်းပွါးနေတဲ့ ဖိလစ်ပိုင်-ဂျပန်လုံခြုံရေးပူးပေါင်းမည်
-တရုတ်နိုင်ငံတွင်း ကချင်နွယ်များ ကချင်အရေး ဆန္ဒပြ
-စစ်အသုံးစရိတ်ကို နိုင်ငံတော် ဘတ်ဂျက်၏ ၂၁ ရာခိုင်နှုန်း တောင်းခံ
-ကေအိုင်အေနှင့် အစိုးရအကြား ခေတ်မီ နည်းပညာသုံး ဆွေးနွေးရန် ပြည်သူ့လွှတ်တော် တိုက်တွန်း
-စက်ရုံ စွန့်ပစ် ရေဆိုးများ စီးဆင်းမှု မှော်ဘီ ဒေသခံများ စိုးရိမ်

-ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေးပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
-ကျွန်းဆွယ်ပွဲနှင့် အတူ ကျဆုံးခဲ့သည့် မြန်မာ့ဘောလုံး
-ကချင်ထိုးစစ်အရေး UNFC က ဦးအောင်မင်းနှင့် ဆွေးနွေးမည်
-ကချင်ဒေသ ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်
-ရန်ကုန်ရဲ့ မွန်းကြပ်မှုက ဝေးလွင့်ရာ လမ်း ၅၀ ကဖေး (ဆောင်းပါး)



နေ့စဉ်တီဗွီသတင်းလွှာ (၀၁- ၁၁-၂၀၁၃)

No comments:

Post a Comment